တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- အို မွတ်စ်လင်မ်တို့ သင်တို့ထဲမှ မည်သူမဆို မိမိကိုယ်ခန္ဓာ၌ ရောဂါများနှင့် ဝေဒနာများမှ ကျန်းမာချမ်းသာစွာ၊ မိမိအသက်၊ မိသားစုနှင့် လမ်းခရီး၌ ကြောက်ရွံ့ထိန်လန့်မှုမရှိဘဲ အေးချမ်းလုံခြုံမှုရှိလျက်၊ ထို့ပြင် တစ်နေ့တာ လိုအပ်ချက်ကို အလုံအလောက်ဖြည့်ဆည်းနိုင်သော ဟလာလ်ရိက္ခာကို ရရှိလျက် နံနက်ခင်းသို့ ရောက်ရှိပါက၊ ထိုသူသည် ဤလောကကြီးတစ်ခုလုံးကို စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်သည်။