အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) အား တစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြောဆို ဖြေရှင်းရန်နှင့် အလုံးစုံငြိမ်းချမ်းရန် မကြိုးစားလေသလော။ ထိုအခါ အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ၎င်းတို့အား ရှင်းပြခဲ့သည်မှာ - မိမိသည် ကောင်းကျိုးကိုသာလိုလားပြီး ပြဿနာဖြစ်ရန်လှုံ့ဆော်ပေးခြင်းကို မလိုလားသောကြောင့်လျှို့ဝှက်စွာပင် ပြောကြားခဲ့သည်။ မိမိ၏ရည်ရွယ်ချက်မှာ မင်းလုပ်အုပ်ချုပ်သူများအား လူအများရှေ့တွင် ပြစ်တင်ရှုတ်ချခြင်းမပြုရန်ဖြစ်သည်။ ထိုသို့ ပြစ်တင်ရှုတ်ချခြင်းသည် မင်းလုပ်အုပ်ချုပ်သူကို ကျူးလွန်စော်ကားရန် အကြောင်းတရားဖြစ်သွားနိုင်သည်။ ဤသည် ပြဿနာနှင့် မကောင်းခြင်းတို့၏အဓိကတံခါးဖြစ်၍ကျွန်တော်သည် ယင်းတံခါးကို ပထမဦးဆုံးဖွင့်မည့်သူဖြစ်ရန် မလိုလားပေ။ ထို့နောက် အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ပြောသည်မှာ - သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သြဝါဒတော်တစ်ရပ်ကို ကြားသိပြီးနောက် အုပ်ချုပ်သူခေါင်းဆောင်များအား လျှို့ဝှက်စွာပင်ဆုံးမဩဝါဒပြုခဲ့ကြောင်းနှင့် မင်းလုပ်အုပ်ချုပ်သူဖြစ်လင့်ကစား ဟန်ဆောင်ပြောခြင်း၊ မင်းလုပ်အုပ်ချုပ်သူများရှေ့၌သူတို့အား မဟုတ်မမှန်ချီးမွမ်းခြင်းတို့ကို မပြုခဲ့တော့ပေ။ ၎င်းဩဝါဒမှာ ဤသို့ဖြစ်သည်။ ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ ပြင်းထန်သည့်ပြစ်ဒဏ်နှင့် ငရဲမီး၏အပူရှိန်ကြောင့် သူ၏အူများ အလျင်အမြန်ထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်း ဤအခြေအနေ၌ပင် သူ၏အူများနှင့်လှည့်ပတ်နေလိမ့်မည်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနားတွင်ထိုင်ဝိုင်း၌စုဝိုင်း၍ထိုင်သကဲ့သို့ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။