တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သို့ ဝင်ရောက်ရသူများတွင် အဆင့်အတန်း အနိမ့်ဆုံးသော သူအား ‘သင်အလိုရှိသည်ကို ဆန္ဒပြုလော့’ဟု မိန့်ဆိုလိမ့်မည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်။ ထပ်ခါထပ်ခါ ဆန္ဒပြုလိမ့်မည်။ နောက်ဆုံး၌ သူဖော်ပြခြင်းမပြုရသေးသော ဆန္ဒတစ်စုံတစ်ရာ ကျန်ရှိတော့မည် မဟုတ်ပေ။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။