တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်ကိုးခြင်းကို တားမြစ်တော်မူခဲ့သည်။ နဇရ်ကိုးခြင်းဆိုသည်မှာ လူတစ်ဦးက သူ့အတွက် ရှရီအသ်တရားတော်က မပြဌာန်းထားသော အရာတစ်ခုခုကို မိမိအပေါ် မဖြစ်မနေ ဆောင်ရွက်ရမည်ဟု တာဝန်သတ်မှတ်ခြင်းဖြစ်သည်။ · တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဆက်လက်၍ မိန့်ကြားတော်မူသည်မှာ နဇရ်ကိုးခြင်းသည် မည်သည့်အရာကိုမျှ ရှေ့သို့စောစေနိုင်သလို၊ နောက်ကျစေနိုင်ခြင်းလည်းမရှိပါ။ စင်စစ် နဇရ်ကိုးခြင်းအားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေးဥစ္စာကို)ထွက်စေခြင်းသာဖြစ်သည်။ ၎င်းသည် မိမိအပေါ်တွင် မဖြစ်မနေတာဝန်ရှိသည်မှလွဲ၍ (အလှူဒါန) မပြုလုပ်လိုသောသူ ဖြစ်သည်။ နဇရ်ကိုးခြင်းသည် သက္ကဒီရ်တွင်မသတ်မှတ်ထားသော အရာတစ်ခုကို ယူဆောင်ပေးနိုင်ခြင်း မရှိပါ။