တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိယာမသ် နီးကပ်လာသည့်အခါ ဖြစ်ပေါ်လာမည့် နိမိတ်လက္ခဏာများနှင့် ပတ်သက်၍ ရှင်းပြတော်မူခဲ့သည်။ ထိုနိမိတ်လက္ခဏာများထဲတွင် သာသနာ့အသိပညာ ရုပ်သိမ်းခံရခြင်းပါဝင်သည်။ သာသနာ့ပညာသည် သာသနာ့ပညာရှင်များ ကွယ်လွန်သေဆုံးခြင်းဖြင့် ရုပ်သိမ်းခံရမည်ဖြစ်သည်။ ထိုသို့ ပညာရှင်ကွယ်လွန်သွားကြသည့်အတွက် ပညာမဲ့မှုများ ပေါများ၊ပြန့်နှံ့လာမည်ဖြစ်သည်။ ထို့ပြင် ‘ဇိနာ’တရားမဝင် ကာမအမှု ပေါများလာခြင်း၊ လူတို့အရက်သေစာ သောက်သုံးမှုများပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း၊ အမျိုးသမီးဦးရေ များပြားလာခြင်း နောက်ဆုံးအမျိုးသားတစ်ဦးက အမျိုးသမီး အယောက်(၅၀)၏ အရေးကိစ္စများနှင့်အကျိုးစီးပွားတို့ကို တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။