တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဟဒီးစ်တော်ကို ကြားနာပြီး အလွတ်ကျက်မှတ်ကာ အခြားသူများထံ ပြန်လည်ပို့ဆောင်ပေးသူအတွက် လောကီဘဝ၌ နုပျိုတင့်တယ်ခြင်း၊ ရွှင်လန်းဝပြောခြင်း နှင့် နောင်တမလွန်ဘဝ၌ ဂျန္နသ်၏ အေးမြခြင်း၊ စိမ်းစိုဝေဆာခြင်း စသော ကောင်းချီးမင်္ဂလာများရရှိရန် ဒုအာပြုပေးတော်မူခဲ့သည်။ အကြောင်းမှာ တစ်ခါတစ်ရံတွင် ဟဒီးစ်ကို လက်ခံရရှိသူသည် မူလကြားနာရသူထက်ပင် ပိုမိုနားလည် သဘောပေါက်တတ်မြောက်ပြီး ဟဒီးစ်မှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်နိုင်စွမ်း ရှိတတ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ပထမသူသည် အလွတ်ကျက်မှတ်ခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပြီး ဒုတိယသူသည် ဟဒီးစ်တော်၏ အလိုသဘောအဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းနှင့် အချက်အလက်များ ကောက်နုတ်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။