တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူခဲ့သည်မှာ အဝတ်အစားအသစ်သည် ဝတ်ဆင်မှုကြာရှည်လာသည့်နှင့်အမျှ ဟောင်းနွမ်းသွားသကဲ့သို့ မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားထဲ၌ရှိသော အီမာန်ယုံကြည်မှုသည်လည်း ဟောင်းနွမ်းသွားတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ‘အိဗာဒသ်’ခဝပ်ကိုးကွယ်မှု လျော့နည်းလာခြင်း၊ အပြစ်အကုသိုလ်များ ကျူးလွန်ခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ အီမာန်ယုံကြည်မှုအား သစ်လွင်လန်းဆန်းလာစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံခြင်း၊ ဆွလာသ် ဆောက်တည်ခြင်း၊ ‘ဖရ်ဿ်ွ' တာဝန်များကျေပွန်ခြင်း၊‘ဇိက်ရ်’သတိရတသခြင်းနှင့် ‘အိစ်သိဂ်ဖါရ်’လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို များမြောင်စွာပြုရန် ညွှန်ကြားပြသတော်မူခဲ့သည်။