တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် လူတို့ထဲတွင်ရှိသော ကာဖိရ်များ၏ အပြုအမူနှင့် ဂျာဟီလီယသ် အမိုက်ခေတ်၏ စရိုက်လက္ခဏာများဖြစ်သော အချက်နှစ်ချက်နှင့် ပတ်သတ်၍ မိန့်ကြားတော်မူခဲ့သည်။ ပထမအချက် - လူတို့၏ မျိုးရိုးအားစော်ကားထိုးနှက်ခြင်း၊ လူတို့ကို ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မာန်မာနထောင်လွှားခြင်း။ ဒုတိယအချက် - သက္ကဒီရ် (နဖူးစာကံကြမ္မာ) ကို မကျေမနပ်ဖြစ်သည့်အနေဖြင့် ဘေးဒုက္ခကြုံတွေ့ရချိန်၌ အသံမြှင့်၍ (ဖွဲ့နွဲ့ငိုကြွေးခြင်း) သို့မဟုတ် အလွန်အမင်း စိတ်ရှုပ်ထွေးမှုကြောင့် အဝတ်အ စားများကို ဆုတ်ဖြဲခြင်း။