မိက်ဒါဒ် ဗင်န် အစ်ဝဒ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - အကယ်၍ စစ်ပွဲတွင် ကာဖိရ်တစ်ဦးနှင့် ရင်ဆိုင်တွေ့ပြီး ဓားများဖြင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ခဲ့ကြပြီးကာဖိရ်က ၎င်း၏လက်တစ်ဖက်ကို ဓားဖြင့်ခုတ်ဖြတ်လိုက်ပြီး နောက် ထွက်ပြေးကာ သစ်ပင်တစ်ပင်အနောက်တွင်ခိုလှုံပြီး “လာအိလာဟ အိလ္လလ္လာဟု ” (အလ္လာဟ်မှတစ်ပါး အခြားမှန်ကန်သည့်ကိုးကွယ်ရာအရှင်မျှမရှိပါ )ဟု ကလိမဟ်တော်ကို ရွတ်ဆိုလိုက်လျှင် ကျွန်တော့်လက်ကို ခုတ်ဖြတ်ပြီးမှပင် ဖြစ်သော်လည်း ကျွန်တော်သည် ထိုသူ့ကို သတ်ခွင့်ရှိပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင်သူ့ကို မသတ်လေနှင့်" ဟု မိန့်ကြားခဲ့သည်။ ထိုအခါ ၎င်းက "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် ကျွန်တော့်လက်တစ်ဖက်ကို ခုတ်ဖြတ်ခဲ့ပါသည်။ သို့ဖြစ်ပါလျက် သူ့ကို မသတ်ရဘူးလား" ဟု ပြန်လည် လျှောက်ထား မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင် သူ့ကို မသတ်လေနှင့်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ၏သွေးသည် (အစ္စလာမ်သာသနာသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် သတ်ခြင်း) ဟရာမ်ဖြစ်သွားပြီ ဖြစ်သည်။ အကယ်၍ သူသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်လာပြီးနောက် အသင်သူ့ကို သတ်လိုက်ပါက၊ သူသည် မွတ်စ်လင်အဖြစ်သို့ ရှောက်ရှိသွားပြီ ဖြစ်သောကြောင့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသွေးအသား ကာကွယ်ခြင်းခံရသူ ဖြစ်သွားပြီး၊ အသင်သည် သူ့ကိုသတ်လိုက်ခြင်း ကြောင့် သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားပြီး၊ ကိစွားစ် (အစားယူခြင်း အပြစ်ဒဏ်)အနေဖြင့် အသတ်ခံရခြင်းသည် ဟလာလ်ဖြစ်သွားလိမ့်မည်။