တမန်တော်မြတ် (ဆွ) သည် ဤသို့လျှောက်ထားမေးမြန်းခံခဲ့ရသည် - လူများထံမှ အမိန့်နာခံမှုနှင့် လိုက်နာမှုစသည့် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုကြသော်လည်း၊ တရားတရားမျှတစွာ စီရင်ခြင်း၊ စစ်သုံ့ပန်းပစ္စည်းများ ခွဲဝေပေးခြင်း၊ မတရားမှုများကို ဖယ်ရှားပေးခြင်း၊ မျှတမှုရှိခြင်းစသည့် သူတို့အပေါ်တွင် တာဝန်ရှိသည့် အခွင့်အရေးများကိုမူ ငြင်းပယ်ကြသည့် အုပ်ချုပ်သူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ပြုလုပ်ရန် ကိုယ်တော် အမိန့်ပေးပါမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုသူ့ထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ကိုယ်တော်သည် ဤမေးခွန်းမျိုးကို မနှစ်သက်ဟန်ရှိခဲ့သည်။ သို့ရာတွင် မေးမြန်းသူက ဒုတိယနှင့် တတိယအကြိမ် ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ် (ရဿွိယလ္လာဟု အန်ဟု) က ထိုသူကို ဆွဲယူပြီး နှုတ်ဆိတ်စေခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ဖြေကြား မိန့်ဆိုတော်မူခဲ့သည် - သင်တို့သည် ၎င်းတို့၏ စကားကို နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်အမှန်ပင် ၎င်းတို့အပေါ်၌ ၎င်းတို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် တရားမျှတမှု၊ တိုင်းသူပြည်သားတို့၏ အခွင့်အရေးများကို ပေးအပ်ခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။ ထိုနည်းတူစွာ သင်တို့အပေါ်၌လည်း သင်တို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် အမိန့်နာခံခြင်း၊ အခွင့်အရေးများကို ပေးဆောင်ခြင်းနှင့် ဘေးဒုက္ခများကို သည်းခံခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။