တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏ နောက်တွင် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသူတို့သည် စကားပြောသောအခါ မုသားပြောကြလိမ့်မည်။ မိမိတို့ ကိုယ်တိုင်မလုပ်ဆောင်သည့်အရာများကို ပြောဆိုကြလိမ့်မည်။ တရားစီရင်ဆုံးဖြတ်ရာတွင်လည်း မတရားသဖြင့် စီရင်ကြမည်။ ထို့ကြောင့် မည်သူမဆို ထိုသူတို့ထံဝင်ရောက်၍ သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံအားပေးသည်၊ သို့မဟုတ် သူတို့ကို မတရားလုပ်ရပ် သို့မဟုတ် အပြောအဆိုဖြင့် ကူညီသည်၊ ဥပမာ-သူတို့နှင့် နီးကပ်မှုရရန် သို့မဟုတ် သူတို့ထံမှ တစ်စုံတစ်ရာရရှိရန်မျှော်ကိုး၍ သူတို့အတွက် ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ပေးခြင်းတို့ ပြုလုပ်ပါက၊ ငါကိုယ်တော်သည် ထိုသူနှင့် ကင်းရှင်းတော်မူ၏။ ထို့ပြင် ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်တော်လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထိုသူသည် ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ကောင်စရ်ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို ထိုသူတို့ထံ မဝင်ရောက်၊ သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော် ၏ကောင်စရ် ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။