လောကီရေး သာသနာရေး ကိစ္စတိုင်းအား လူတို့အပေါ် လွယ်ကူသက်သာစေရန်နှင့် ခက်ခဲအောင်မပြုလုပ်ကြရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ သို့သော် ဤကိစ္စကို အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသော တရားတော်ဘောင်အတွင်းမှသာ ဆောင်ရွက်ရမည်။ လူတို့အား ကောင်းမြတ်သည့် သတင်းကောင်းများကိုပေးရန်နှင့် ကောင်းမှုများမှ ဝေးကွာအောင် မပြုလုပ်ရန် တိုက်တွန်းထားသည်။