တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦး ခံစားရသည့် ရောဂါဝေဒနာများ၊ စိုးရိမ်ပူပန်မှုများ၊ သောကများ၊ ဘေးဥပဒ်များ၊ ဒုက္ခများ၊ အခက်အခဲများ၊ ကြောက်ရွံ့မှု၊ ငတ်မွတ်မှု စသည်တို့အပြင် နောက်ဆုံး အဆူးစူး၍ ခံစားရသည့်နာကျင်မှုပင်ဖြစ်စေ ၎င်း၏အပြစ်များကို ပြေပျောက်စေပြီး၊ အကုသိုလ်များကို ပယ်ဖျက်ပေးမည်ဖြစ်သည်။