တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် လောကသည် ရသအားဖြင့် ချိုမြိန်ပြီး အမြင်အားဖြင့် စိမ်းလမ်းစိုပြေသည်။ ထို့ကြောင့် လူသားသည် ထိုအရာများဖြင့်လှည့်စားခံရပြီး ၎င်း၌နစ်မွန်းကာ လောကအား သူ၏အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုအဖြစ် ပြုလုပ်လိုက်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီသက်တမ်း၌ ကျွန်ုပ်တို့ မည်သို့ကျင့်ကြံအားထုတ်သည် အရှင်မြတ်၏ အမိန့်ကို နာခံသလော၊ ဖီဆန်သလောဆိုသည်ကို ကြည့်ရှုရန်အတွက် ကျွန်ုပ်တို့အနက်မှ အချို့ကို အချို့၏ အုပ်ချုပ်သူ ကိုယ်စားလှယ်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လောက၏ စည်းစိမ်ချမ်းသာနှင့် အလှအပများက သင်တို့အား လှည့်စားကာ အလ္လာဟ်အရှင်မြတ်က သင်တို့အား အမိန့်ပေးထားသောအရာများကို စွန့်လွှတ်ပြီး၊ အရှင်မြတ် တားမြစ်ထားသောအရာများကို ကျူးလွန်စေခြင်းမျိုး မဖြစ်အောင် သတိထားရှောင်ကြဉ်ရန် မိန့်ကြားတော်မူသည်။ လောက၏ ဖိသ်နဟ် ပြဿနာများအနက်ရှောင်ကြဉ်ရန် အရေးကြီးသည့် အကြီးမားဆုံး ဖိသ်နဟ်မှာ အမျိုးသမီးများ၏ဖိသ်နဟ်ပင် ဖြစ်သည်။ ၎င်းသည် ဗနီအစ္စရာအီးလ်လူမျိုးများ ပထမဦးဆုံးကျရောက်ခဲ့သည့် ဖိသ်နဟ်လည်းဖြစ်ခဲ့သည်။