တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်မှာ အရာက်အပင်(သွားတိုက်တံလုပ်သည့်အပင်)၏ ကိုင်းနှင့် ၎င်းကဲ့သို့အလားတူအရာမျိုးဖြင့် သွားတိုက်ခြင်းသည် ခံတွင်းရှိအညစ်အကြေးများနှင့် အနံ့ဆိုးများကို သန့်ရှင်းစင်ကြယ်စေသည်။ ထို့ပြင် ဤလုပ်ရပ်သည် လူသားအပေါ် အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်စေသည့် အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သွားတိုက်ခြင်း၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံခြင်း၊ အရှင်မြတ်နှစ်သက်သည့် သန့်ရှင်းစင်ကြယ်မှုရှိခြင်းတို့ကြောင့်ဖြစ်သည်။