ရှိုရိုင်ဟ် ဗင်န် ဟာနိအ်က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ صحيح - رواه مسلم