တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကျင့်ငါးခုသည် အစ္စလာမ်သာသနာနှင့် ရစူလ်တမန်တော်များ၏ စွန္နသ်လမ်းစဉ်အနက်မှဖြစ်သည်။ ၎င်းတို့မှာ (၁) ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း။ အမျိုးသားတွင် လိင်တံထိပ်ပိုင်းကို ဖုံးအုပ်နေသော အရေပြားအပိုကိုဖြတ်ခြင်း၊ အမျိုးတွင် အမျိုးသမီးအင်္ဂါဇာတ် အပေါ်ဖက်ရှိ အရေပြား ထိပ်ပိုင်းကိုဖြတ်ခြင်း။ (၂) ချက်အောက်မွေးရိတ်ခြင်း။ အရှက်အင်္ဂါပတ်လည်ရှိ အမွေးအမျှင်များကို ရိတ်ခြင်း။ (၃) နှုတ်ခမ်းမွေးညှပ်ခြင်း။ အမျိုးသား၏ အပေါ်နှုတ်ခမ်းအထက်တွင် ပေါက်သော အမွေးအမျှင်များကိုညှပ်ကာ နှုတ်ခမ်းကိုပေါ်လွင်အောင်ထားခြင်း။ (၄) လက်သည်း၊ ခြေသည်းညှပ်ခြင်း။ (၅) ချိုင်းမွေးနုတ်ခြင်းတို့ဖြစ်သည်။