တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာအိရှဟ်သခင်မ၏ အိမ်သို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် သခင်မသည် ပစ္စည်းများထည့်သော သိုလှောင်ခန်းငယ်လေးကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားသည်ကို တွေ့ရှိတော်မူခဲ့သည်။ တမန်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်အတွက် အမျက် ထွက်ကာ မျက်နာတော်၏အရောင်မှာ ပြောင်းလဲသွားကာ မိန့်တော်မူသည်မှာ - ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။ အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် (ထိုအဝတ်ကို ဆုတ်ဖြဲကာ) ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။