တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိနှင့် ပတ်သက်၍ နဆ်ွရာနီ (ခရစ်ယာန်)တို့က မရ်ယမ်၏သားတော် (အီစာ) (အလိုင်းဟိစ္စလာမ်)အား ပြုခဲ့ကြသည့်အတိုင်း ရှရီအဟ်တရားတော်၏ ဘောင်ကိုကျော်ကာ အတိုင်းထက်အလွန်ချီးမွမ်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ၊ အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် လုပ်ဆောင်ချက်များဖြင့် ဂုဏ်ပေးခြင်း၊ အကွယ်ကိုသိသည်ဟု ယုံကြည်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ ဒုအာဆုတောင်းခြင်းများ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က မိမိသည် အလ္လာဟ်အရှင်မြတ်၏ကျွန်များအနက်မှ ကျွန်တစ်ဦးဖြစ်ကြောင်း ရှင်းပြတော်မူပြီး ကျွန်တော်တို့အနေဖြင့် ကိုယ်တော့်အား အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဟူ၍သာ ပြောဆိုကြရန် အမိန်ပေးတော်မူခဲ့သည်။