မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းခြင်းခံရသည့်အခါ အလွန်ပင် ပြည့်စုံလှသည့် စကားဖြင့် အဖြေပေးခဲ့ပြီး မေးမြန်းသူအား ပြီးပြည့်စုံသည့် အရည်အချင်းများ စုစည်းထားသော ကုရ်အာန်ကျမ်းမြတ်ဘက်သို့ လှည့်ပေးခဲ့သည်။ သူမကပြောသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကုရ်အာန်ကျမ်းမြတ်၌ ဖော်ပြထားသော ကိုယ့်ကျင့်တရားအတိုင်း အကျင့်စာရိတ္တမွေးမြူသူဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်က အမိန့်ပေးထားသောအရာများကို ဆောင်ရွက်ပြီး တားမြစ်ထားသောအရာများကို ရှောင်ကြဥ်သည်။ ကိုယ်တော်၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်အတိုင်း လိုက်နာကျင့်သုံးခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ကန့်သတ်ချက်များကို မကျော်လွန်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ အာဒဗ်ကျင့်ဝတ်များအတိုင်း လိုက်နာခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ဥပမာတင်ပြချက်များ၊ အဖြစ်အပျက်အကြောင်းအရာများမှ တရားရယူခြင်းတို့ဖြစ်သည်။