အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တ အပြည့်ဝဆုံးဖြစ်တော်မူသည်။ ကိုယ်တော်သည် စကားချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ မျက်နှာချိုခြင်း၊ သူတစ်ပါး ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ဖယ်ရှားပေးခြင်း၊ အခြားသူများက ပေးသည့် ဒုက္ခများအ‌ပေါ်သည်းခံခြင်းစသည့် ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကောင်းခြင်းများ၌ အားလုံး၏ရှေ့ဆုံးတွင်ရှိ‌သူဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကျင့်စာရိတ္တ အပြည့်ဝဆုံး ဖြစ်တော်မူသည်။
  • တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အကောင်းဆုံး စံနမူနာပင်ဖြစ်သည်။
  • တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မွန်မြတ်သည့် အကျင့်စာရိတ္တအတိုင်းလျှောက်လှမ်းရန် တိုက်တွန်းထားသည်။