တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တ အပြည့်ဝဆုံးဖြစ်တော်မူသည်။ ကိုယ်တော်သည် စကားချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ မျက်နှာချိုခြင်း၊ သူတစ်ပါး ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ဖယ်ရှားပေးခြင်း၊ အခြားသူများက ပေးသည့် ဒုက္ခများအပေါ်သည်းခံခြင်းစသည့် ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကောင်းခြင်းများ၌ အားလုံး၏ရှေ့ဆုံးတွင်ရှိသူဖြစ်သည်။