တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- ငါအရှင်သည် မိမိ၏သူတော်ကောင်းကျေးကျွန်များအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့အတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ လူသား၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ- "အကယ်၍ အသင်တို့ အလိုရှိလျှင် ဤအာယတ်တော်ကို ရွတ်ဖတ်ကြလော့-" (ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ။) (အတ်စ်စဂ်ျဒဟ်၊ ၁၇)