နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိုယ်ခန္ဓာတစ်ခုကျသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားတော်မူခဲ့သည်။ ထို့နောက် ဤအသံနှင့်ပတ်သက်၍မိမိအနားရှိ ဆွဟာဘဟ်သာဝကကြီးများအား မေးမြန်းတော်မူခဲ့ရာ၊ ဆွဟာဘဟ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမိန့်ရှိသည်မှာ "ဤအသံသည် ငရဲမီးအစပ်မှလွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံခဲ့ရသည့် ကျောက်တုံးတစ်ခု၏ အသံဖြစ်သည်။ ကျောက်တုံးကျသည့်အသံကို ကြားရသည့်အချိန်သည် ယင်းကျောက်တုံး ငရဲမီး၏အောက်ဆုံးသို့ ကျရောက်သွားသောအချိန်ဖြစ်သည်။