လူတစ်ဦးသည် အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ထံသို့ ကျွန်အဖြစ်ရောက်ရှိလာ၏။ ထိုသူသည် မိမိသခင်၏နှင့် လွတ်မြောက်ရေးစာချုပ် ချုပ်ဆိုထားပြီး မိမိကိုယ်ကို ဝယ်ယူကာ လွတ်မြောက်စေရန် သဘောတူထားသော်လည်း ၎င်း၌ ငွေကြေးမရှိချေ။ ထိုအခါ သူက ပြောလေ၏- ကျွန်ုပ်သည် ကျွန်ုပ်အပေါ်၌ရှိသော ပေးဆပ်ရန်ကျန်ရှိသည့် ပမာဏကို ဆပ်နိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် အသင်သည် ကျွန်ုပ်အား ငွေကြေးဖြင့်ဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးခြင်းနှင့် လမ်းညွှန်ခြင်းဖြင့်ဖြစ်စေ ဤအကြွေးကို ပေးဆပ်ရာတွင် ကူညီပေးပါ။ ထိုအခါ အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က သူ့အား ပြောကြားသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ သိုင်ယ်မျိုးနွယ်စုတွင်ရှိသော စွိုင်ရ်အမည်ရှိတောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် ယင်းကြွေးမြီကို ၎င်း၏ပိုင်ရှင်ထံသို့ ပေးဆပ်စေတော်မူမည်ဖြစ်ပြီး သင့်အား ၎င်း၏ အရှက်တကွဲပြုလုပ်ခြင်းမှ လွတ်မြောက်စေတော်မူမည် ဖြစ်သည်။ ထို့နောက် အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ- အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား အရှင်မြတ် ခွင့်ပြုတော်မူသောအရာ (ဟလာလ်) ဖြင့် လုံလောက်စေတော်မူပြီး၊ အရှင်မြတ် တားမြစ်တော်မူသောအရာ (ဟရာမ်) သို့ ကျရောက်ခြင်းမှ ကင်းဝေးစေတော်မူပါ။ အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောတော်မူမှုဖြင့် ကျွန်တော်မျိုးအား ကြွယ်ဝချမ်းသာစေတော်မူပါ။ အရှင်မြတ်မှတစ်ပါး အခြားသော ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကင်းလွတ်လုံလောက်စေတော်မူပါ။