တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)၏ တောင်းဆုဒုအာတစ်ခုမှာ- «اللهم إني أسألك الهدى» (အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် လမ်းမှန်တရားကို အရှင်မြတ်ထံ တောင်းခံပါ၏။) တစ်နည်း အမှန်တရားကိုသိရှိပြီး ၎င်းနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သော ဖြောင့်မတ်သော လမ်းစဉ်ကို ဆိုလိုသည်။ «والتقى» (သက္ကဝါတရားကို တောင်းခံပါ၏။) တစ်နည်း အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းကို တောင်းခံပါ၏။ «والعفاف» (မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကို တောင်းခံပါ၏) တစ်နည်း ခွင့်မပြုသော၊ မသင့်မလျော်သော စကား သို့မဟုတ် အပြုအမူတို့မှ ရှောင်ကြဉ်နိုင်စွမ်းကို တောင်းခံပါ၏။ «والغنى» (လိုလားတောင့်တမှုကင်းခြင်းကို တောင်းခံပါ၏) အဖန်ဆင်းခံတို့ထံမှ လိုလားတောင့်တမှုကင်းဝေးခြင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် တစ်ပါးတည်းမှလွဲ၍ အခြားသူတစ်ဦးဦးကို မလိုအပ်သော အခြေအနေကို တောင်းခံပါ၏။