တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ပြဿနာလုပ်သူကို မုန်းတီးတော်မူသည်။ ထိုသူသည် အမှန်တရားကို ကျေနပ်လက်ခံခြင်းမရှိဘဲ အငြင်းအခုံပြုကာ အမှန်တရားကိုပယ်ချရန် ကြိုးစားသည်။ သို့မဟုတ် အမှန်တရားဖြင့်သာ ငြင်းခုံသော်လည်း တရားမျှတမှုဘောင်ကိုကျာ်ကာ အလွန်အကျွံ ငြင်းခုံမှုပြုသည်။ အသိပညာမရှိဘဲ ငြင်းခုံမှုပြုသည်။