တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူသည်မှာ ကျွန်တစ်ဦး မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ၎င်းသူစဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆွလာသ်ဆောက်တည်နေသူတစ်ဦးသည် စဂျဟ်ဒဟ်ပြုသည့်အခါ အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်၌ ရိုသေကျိုးငဲ့စွာဖြင့် မိမိခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံး အစိတ်အပိုင်းကို မြေပြင်ပါ်တွင် ချထားသည့်အတွက်ကြောင့်ဖြစ်သည်။ စဂ်ျဒဟ် ဦးချစဉ် ဒုအာများမြောင်စွာတောင်းခံရန် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်။ ဤသို့ဖြင့် ကိုယ်၊နှုတ် နှစ်မျိုးစလုံးဖြင့် ကျိုးငဲ့မှု ပေါင်းစည်းသွားမည်ဖြစ်သည်။