တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အရှင်မြတ်သည် ည၏နောက်ဆုံးသုံးပုံတစ်ပုံအချိန်တွင် လူသားနှင့်အလွန်နီးကပ်စွာ ရှိတော်မူ၏။ သို့ဖြစ်၍ အို-မုအ်မင်သက်ဝင်ယုံကြည်သူ၊ အကယ်၍ သင်သည် ထိုအချိန်၌ အရှင်မြတ်အားခဝပ်ကိုးကွယ်သူများ၊ ဆွလာသ်ဝတ်ပြုသူများ၊ သတိရတသသူများ၊ သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်သူများ အနက်မှဖြစ်နိုင်ပါက ဤသည် အဖိုးမဖြတ်နိုင်သော အခွင့်အရေး၊ ကြိုးစားအားထုတ်ရသောအချိန်ဖြစ်သောကြောင့် အသင်သည် ၎င်းတို့အနက်မှဖြစ်လိုက်ပါလေ။