တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် ထိုင်သည့်အခါ “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” ကိုအကြိမ်ကြိမ်ရွတ်ဆိုတော်မူသည်။ ဤသည် ဗန္နဟ်ကျေးကျွန်အနေဖြင့် မိမိ၏ဖန်ဆင်းရှင်ထံတွင် မိမိ၏အပြစ်အကုသိုလ်များကိုပယ်ဖျက်ပေးရန်နှင့် မိမိ၏အမှားများကို ဖုံးကွယ်ပေးရန် တောင်းခံခြင်းဖြစ်သည်။