တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားများအဖို့ အမိန့်တော်များကိုလိုက်နာရန် တာဝန်ရှိသည်။ သို့ရာတွင် အောက်ပါ လူသုံးမျိုးမှအပ - ၁။ ကလေးငယ် - ၎င်းသည် ကြီးပြင်း ရင့်ကျက်လာသည်အထိ။ ၂။အသိစိတ် ကင်းမဲ့သော စိတ်မနှံ့သူ - ၎င်းသည် အသိစိတ် ပြန်လည်ရရှိသည်အထိ။ ၃။အိပ်ပျော်နေသူ - ၎င်းသည် နိုးလာသည်အထိ။ ဤလူသုံးမျိုးထံမှ (ရှရီအသ်အမိန့်ပညတ်ချက်များကိုလိုက်နာရမည့်) တာဝန်ကို ရုပ်သိမ်းထားပြီး၊ သူတို့ကျူးလွန်သော အပြစ်များကို မှတ်တမ်းတင်ခြင်းမပြုပါ။ သို့ရာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်၏ ကောင်းမှုကုသိုလ်များကိုမူ သူ့အတွက် ရေးသားမှတ်တမ်းတင်ခြင်းခံရသည်။ စိတ်ရောဂါရှင်နှင့် အိပ်ပျော်နေသူတို့၏ (ကောင်းမှုကုသိုလ်များကိုမူ) ရေးသားမှတ်တမ်းတင်ခြင်းမခံရပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူနှစ်ဦးသည် ဉာဏ်သဘောနှင့် ဆင်ခြင်နိုင်စွမ်း မရှိသဖြင့် မှန်ကန်စွာ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုနိုင်သည့် အခြေအနေတွင် မရှိသောကြောင့်ဖြစ်သည်။