တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ်သင်္ချိုင်းများပေါ်ထိုင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့အတူ ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကိုလည်း တားမြစ်တော်မူသည်။ ထိုသို့ဆောက်တည်ခြင်းဖြင့် ကဗရ်သည် ဆွလာသ်ဆောက်တည်သူ၏ ရှေ့တွင်ရှိနေသောကြောင့် ဤသည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။