တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သွဝါဂီ(ရုပ်တု)များဖြင့် ( ၎င်းတို့၏အမည်များကို ကိုင်တွယ်၍) ကျိန်ဆိုခြင်းမှ တားမြစ်ထားတော်မူသည်။ "သွဝါဂီ" သည် "သွာဂီယဟ်" ဟူသော စကားလုံး၏ ဗဟုဝုစ်ကိန်းဖြစ်ပြီး မုရှ်ရိက်များက အလ္လာဟ်အရှင်မြတ်အစား ကိုးကွယ်ဆည်းကပ်ခဲ့ကြသော ရုပ်တုများကို ရည်ညွှန်းသည်။ ဤရုပ်တုများသည် မုရှ်ရိက်တို့၏ လွန်ကျူးမှုနှင့် သွေဖည်ငြင်းဆန်မှု၏ အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိတို့၏ဘိုးဘေးဘီဘင်များဖြင့် ကျိန်ဆိုခြင်းမှလည်း တားမြစ်တော်မူထားသည်။ အကြောင်းမှာ ဂျာဟိလီယသ်အမှောင်ခေတ် အာရပ်လူမျိုးတို့၏ ထုံးတမ်းစဥ်လာများအနက်တစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်များအား ဂုဏ်ယူဝင့်ကြွားသည့်အနေဖြင့် ၎င်းတို့အား ဂုဏ်ပေးလေးစားသည့်အနေဖြင့် ၎င်းတို့(၏ အမည်နာမများကို ကိုင်တွယ်၍)ကျိန်ဆိုလေ့ရှိခဲ့ကြသောကြောင့် ဖြစ်သည်။