မုအ်မင်န်တို့၏ မိခင်မွန်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂျနာဗသ် ( ကိုယ်မသန့်ဖြစ်ခြင်းမှ ) ရေချိုးခြင်း နည်းစနစ်ကို ရှင်းပြခဲ့သည်။ သူမက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ရေချိုးရန်ရေကို ထားရှိပေးခဲ့ပြီး အကာအရံတစ်ခုဖြင့်လည်း ကိုယ်တော့်ကို အကာအ ကွယ်ပြုပေးခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်- ။ ( ၁ ) ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဘက်ကို အိုးခွက်ထဲသို့ မထည့်မှီ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ဆေးကြောတော်မူခဲ့သည်။ ( ၂ ) အရှက်အင်္ဂါတွင် ကပ်ငြိနေနိုင်သော ဂျနာဗသ်၏ အကြွင်းအကျန်များကို သန့်စင်ရန် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။ ( ၃ ) လက်များတွင်ရှိသော အညစ်အကျေးကို ဖယ်ရှားရန်အတွက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။ ( ၄ ) မဿ်ွမဿွဟ်ပြုလုပ် ( ပလုတ် ကျင်း ) ခဲ့သည်။ ဆိုလိုသည်မှာ ရေကို ပါးစပ်ထဲသို့ ထည့်၍ ပါးစပ်အတွင်း လှုပ်ရှားပေးပြီး ထိုရေကို ထွေးထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အိစ်သင်န်ရှားက် ( နှာခေါင်းသန့်စင်ခြင်း ) ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ နှာခေါင်းအတွင်းသို့ ရေထည့်ပြီး တစ်ဆက်တည်းရှူရှိုက်ကာ သန့်စင်စေရန် ထိုရေကိုပြန်ထုတ်ခြင်းဖြစ်သည်။ ( ၅ ) မိမိ၏ မျက်နှာနှင့် လက်မောင်းနှစ်ဖက်ကို (လက်နှစ်ဖက်ကိုတံတောင်ဆစ်အပါအဝင်) ဆေးကြောခဲ့သည်။ ( ၆ ) မိမိ၏ ဦးခေါင်းပေါ်သို့ ရေလောင်းချတော် မူခဲ့သည်။ ( ၇ ) ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများပေါ်သို့ ရေလောင်းချတော်မူခဲ့သည်။ ( ၈ ) မိမိ၏ (ရေချိုးနေသည့် ) နေရာမှရွေ့ကာ ခြေထောက်နှစ်ဖက်ကို ( ရေချိုးနေစဥ် ရေမဆိုထားသည့် ) အခြားနေရာတွင် ဆေးကြောခဲ့သည်။ ထို့နောက် သခင်မသည် ကိုယ်တော့်ထံ ခန္ဓာကိုယ်မှ ရေများကို သုတ်နိုင်ရန် အဝတ်စတစ်ခုကို ယူလာပေးခဲ့သော်လည်း ကိုယ်တော်သည် ယင်းအဝတ်စကို ယူခြင်းမပြုဘဲ မိမိ၏လက်တော်ဖြင့် ခန္ဓာကိုယ်မှ ရေများကို သုတ်ပြီး ခါထုတ်တော်မူခဲ့သည်။