အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။ صحيح - متفق عليه