တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်အား အိမ်နီးချင်းနှင့် ပတ်သက်၍ ထိုအိမ်နီးချင်းသည် မွတ်စ်လင်မ်ဖြစ်စေ၊ ကာဖိရ်ဖြစ်စေ၊ ဆွေမျိုးတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ အလေးထားရန်နှင့် အိမ်နီးချင်း၏အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ၎င်းအား ဒုက္ခမပေးဘဲ ကောင်းကျိုးပြုရန်၊ ၎င်းတို့ပေးသည့်ဒုက္ခအပေါ် သည်းခံရန် အကြိမ်ကြိမ်မှာကြားခဲ့သည်။ အိမ်နီးချင်း၏ ဝတ္တရားကြီးမားမှုနှင့် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)၏ အကြိမ်ကြိမ်မှာကြားမှုတို့ကြောင့် လူတစ်ဦးသေဆုံးပြီးနောက် သူ၏အိမ်နီးချင်းကိုပါ အမွေခွဲဝေပေးရမည်ဟူသည့် ဝဟီဗျာဒိတ်တော် ကျရောက်လာမလားဟုပင် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထင်ခဲ့မိသည်။