တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကစမ်ကျိန်ဆိုခဲ့ပြီး မိမိ၏ ကျိန်ဆိုမှုကို လေး နက်အောင် သုံးကြိမ်တိုင်တိုင် ထပ်ဆင့်ကျိန်ဆိုခဲ့သည်။ ထို့နောက် မိန့်ကြားတော်မူသည်မှာ - “အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ ထိုအခါ စွဟာဗဟ်များက “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မုအ်မင်န်မဟုတ်သူမှာ မည်သူပါနည်း” ဟု မေးလျှောက်ကြရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “မိမိ၏ အိမ်နီးချင်းက သူ၏ လှည့်စားမှု၊ မတရားမှုနှင့် မကောင်းမှုဘေးဒုက္ခများကို ကြောက်ရသောသူ” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။