အဗူဇရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။" صحيح - رواه مسلم