တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မိမိသည် ကာဖိရ်မုရှ်ရိက်များနှင့် ပတ်သက်၍ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်တော်မူသော ဖက်စပ်ယှဉ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ကိုးကွယ်ရာအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံလာသည်အထိ၊ ထိုရှဟာဒသ် သက်သေခံမှု၏ တောင်းဆိုချက်ဖြစ်သော နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ကို ဆောက်တည်လာသည်အထိ၊ ဖရ်ဿ်ွအဖြစ် သတ်မှတ်ထားသော ဇကာသ်ကို စားထိုက်သူများအား ပေးလာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ပါက အစ္စလာမ်သာသနာသည် ၎င်းတို့၏အသက်ခန္ဓာနှင့် ဥစ္စာပစ္စည်းများကို အကာအကွယ် ပေးလိုက်ပြီဖြစ်သောကြောင့် အစ္စလာမ့် ဥပဒေအရ သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်သည့်အတွက် သေဒဏ်စီရင်ခြင်းမှလွဲ၍ ၎င်းတို့၏အသက်အား ထိပါးခွင့်လုံးဝမရှိတော့ပါ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်သောကြောင့် ကိယာမသ်နေ့တွင် ၎င်းတို့အား စာရင်းစစ်ဆေးတော်မူမည်ဖြစ်သည်။