တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငြင်းပယ်သူမှလွဲ၍ ကိုယ်တော်၏ အွမ္မသ်သားအားလုံး ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်(ရဿွိယလ်လာဟုအန်ဟုမ်)တို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မည်သူမဆို ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမိန့်ကိုနာခံကာ နောက်လိုက်မှုပြုလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆို အမိန့်ဖီဆန်ကာ ရှရီအဟ်တရားတော်ကို လိုက်နာခြင်းမရှိလျှင် ထိုသူသည် သူ၏မကောင်းသော(အအ်မာလ်)လုပ်ဆောင်မှုများကြောင့် ဂျန္နသ်သို့ဝင်ရောက်ခွင့်ရမည်မဟုတ်ဟု ဖြေကြားတော်မူခဲ့သည်။