တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျိန်ဆို၍ မိန့်ကြားတော်မူသည်မှာ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ အခြားမည်သည့်ဘာသာဝင်ဖြစ်စေ ၎င်းထံသို့တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ (ဒအ်ဝဟ်)ဖိတ်ခေါ်မှု ရောက်ရှိပြီးနောက် တမန်တော်မြတ်အား မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲဘုံတွင် အမြဲနေရမည့် ငရဲသားတို့အနက်မှပင် ဖြစ်လိမ့်မည်။