တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က - အလ္လာဟ်အရှင်မြတ်သည် မိမိအရင် မည်သည့်နဗီတမန်တော်ကိုမျှ ချီးမြှင့်ခြင်းမရှိခဲ့သည့် အရာငါးခုကို မိမိအား ချီးမြှင့်တော်မူခဲ့ကြောင့် မိန့်ကြား တော်မူခဲ့၏။ ၎င်းတို့မှာ - ၁။ ငါကိုယ်တော်နှင့် ရန်သူများကြားတွင် တစ်လတာခရီး အကွာအဝေးရှိသည့်တိုင် ငါကိုယ်တော်ရဲ့ရန်သူများ၏ စိတ်နှလုံးများတွင် ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့် ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ၂။ ငါကိုယ်တော်တို့အတွက် ကမ္ဘာမြေကြီးသည် စဂ်ျဒဟ်ဦးချရာ နေရာအဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ သို့ဖြစ်ရာ ငါကိုယ်တော်တို့ မည်သည့် နေရာတွင်ရှိသည်ဖြစ်စေ ဆွလာသ်ဝတ်ပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရေရရှိရန်မဖြစ်နိုင်ပါက ( မြေကြီးဖြင့် သယမ်မွမ်ပြုလုပ်နိုင်ရန် ) ယင်းမြေကြီးအား သန့်ပြန့်စင်ကြယ်စေသောအရာအဖြစ်လည်း ပြုလုပ်ပေးခြင်းခံရသည်။ ၃။ ငါကိုယ်တော်တို့အတွက် စစ်တိုက်ရာမှရရှိသောသုံ့ပန်းပစ္စည်းများကို ဟလာလ် (ခွင့်ပြုထားသောအရာ) အဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ ထိုသုံ့ပန်းပစ္စည်းများအား မွတ်စ်လင်မ်များသည် ကာဖိရ်များနှင့် စစ်တိုက်ခိုက်ရာမှ ရယူခဲ့ခြင်း ဖြစ်သည်။ ၄။ ငါကိုယ်တော် သည် ကိယာမသ်နေ့၏ ကြောက် မက်ဖွယ်ရာ အခြေအနေမှ လူသားတို့အား ချမ်းသာရာရစေနိုင်ရန်အတွက် အကြီးမားဆုံးသော ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် )ကို ချီးမြှင့်တော်မူခြင်းခံရသည်။ ၅။ ငါကိုယ်တော်သည် လူသားအားလုံးနှင့် ဂျင်န်အားလုံးထံသို့ စေလွှတ်တော်မူခြင်းခံရပြီး၊ ရှေးယခင်ရှိခဲ့ကျသော နဗီတမန်တော်များမှာမူ မိမိတို့၏ လူမျိုးစုများထံသို့သာ စေလွှတ်ခြင်းခံခဲ့ရသည်။