တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့သည် အုပ်ချုပ်သူ ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အုပ်စုတစ်စုတည်းအဖြစ် စုစည်းညီညွတ်သွားပြီးနောက် ထိုခေါင်းဆောင်၏ အာဏာကိုလုယူမည့်သူ သို့မဟုတ် မွတ်စ်လင်မ်တို့အား အုပ်စုများကွဲသွားအောင် ခွဲထုတ်လိုသူတစ်ဦး ရောက်ရှိလာပါက ၎င်း၏ရန်မှကာကွယ်ရန်နှင့် မွတ်စ်လင်မ်တို့၏ အသက်သွေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသူအား တိုက်ခိုက်ကာ တားဆီးရမည်ဖြစ်သည်။