တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့ကြားတွင် “အတ်စ္စလာမုအာလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဗရကာသုဟူ” (အသင်တို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု၊ ကရုဏာတော်နှင့် ဗရကသ်မင်္ဂလာများ ကျရောက်ပါစေ။)ဟူ၍ စလာမ်ပေးနှုတ်ဆက်ခြင်းဆိုင်ရာ စည်းကမ်းတစ်ခုကို လမ်းညွှန်ပြတော်မူသည်။ ထိုစည်းကမ်းမှာ ငယ်သူက ကြီးသူကို၊ အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်ပေး နှုတ်ခွန်းဆက်ခြင်းဖြစ်သည်။