လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး “အတ်စ်လာမု အလိုင်ကွမ်”ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု ဆယ်ခု ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ဒုတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ်” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုနှစ်ဆယ် ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ထို့နောက် တတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ် ဝဗရကာသုဟူ” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုသုံးဆယ် ရေးမှတ်ခံရ ၏” ဟု မိန့်တော်မူလေသည်။ ဆိုလိုသည်မှာ စကားလုံးတစ်ခုတိုင်းအတွက် ကောင်းမှု ဆယ်ခုဖြစ်သည်။