တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (တစ်စုံတစ်ဦးအား) ထိုသူ၏ နှာခေါင်းသည် မြေကြီးထဲတွင် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားသည်အထိ နှိမ့်ကျသေးသိမ်ရန်နှင့် အရှက်တကွဲအကျိုးနည်းဖြစ်ရန် ဘဒ်ဒုအာပြုလုပ်ခဲ့၏။ ထိုစကားကို (၃)ကြိမ်တိုင်တိုင် ပြန်လည်၍ မိန့်ကြားတော်မူခဲ့သည်။ ( စွဟာဗီတစ်ပါးက တမန်တော်မြတ်အား ) “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား ကိုယ်တော် ဘဒ်ဒုအာပြုခဲ့ပါသနည်း ” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- မိမိ၏ မိဘနှစ်ပါးလုံး (သို့မဟုတ်) နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်နိုင်ရန် အကြောင်းခံမဖြစ်စေခဲ့သူ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းသည် ထိုမိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုမူဆက်ဆံခြင်း မရှိခဲ့သကဲ့သို့ ၎င်းတို့၏ အမိန့်ကိုဖီဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။