တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျေးဇူးပြုခြင်း၊ ကောင်းမှုပြုခြင်း၊ ကောင်းမွန်စွာဆက်ဆံခြင်း၊ ပေါင်းသင်းဆက်ဆံရာတွင် ချိုသာစွာပြုမှုဆက်ဆံခြင်းနှင့် အဆက်အသွယ်ထားခြင်းတို့၌ အရှေ့ဦးစွာခံစားထိုက်သူမှာ မိခင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ မိခင်၏ အခွင့်အရေးသည် အခြားသူများထက် သာလွန်မြင့်မြတ်ကြောင်း သုံးကြိမ်တိုင်တိုင် ထပ်ခါ ထပ်ခါ မိန့်ကြားတော်မူခြင်းဖြင့် အလေးပေးဖော်ပြခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိခင်ပြီးလျှင် ကောင်းမွန်စွာဆက်ဆံရန် အခံထိုက်ဆုံးသူမှာ ဖခင်ဖြစ်ကြောင်း၊ ထို့နောက် ဆွေမျိုး သားချင်းများအနက် အနီးကပ်ဆုံးသူမှ အစပြု၍ အဝေးဆုံးသူအထိ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွေမျိုးနီးစပ်သူသည် ဝေးကွာသူထက် ဆက်ဆံပေါင်းသင်းရန် ပို၍ထိုက်တန်သည်။