ဆွဟာဗဟ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ သူ့အနားတွင်ရှိသောသူတို့က ထိုဆွဟာဗဟ်၏စကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားသည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အာဇာန်ဆိုသံကိုမြှင့်တင်ပါ၊ အိကာမသ်ဆိုပါ၊ ၎င်း(ဆွလာသ်)ဖြင့် ကျွန်ုပ်တို့အားအေး ချမ်းသာယာစေပါ။ အဘယ့်ကြောင်ဆိုသော် ဆွလာသ်၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောဆိုမှု၊ စိတ်နှလုံးသားနှင့်ဝိညာဉ်အတွက် အေးချမ်းသာယာမှုပါရှိသည်။