အဗူကသာဒဟ် အတ်စ်စလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ် ဆောက်တည်ပါ။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို မည်သည့်အချိန်၌ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဗလီဝတ်ကျောင်းတော်သို ဝင်ရောက်ပါက မထိုင်မီအလျင် (သဟိယ္ယသုလ် မတ်စ်ဂျိဒ်) ဗလီဝတ်ကျောင်းတော်အား နှုတ်ခွန်းဆက်သည့် ဆွလာသ်နှစ်ရကအသ်အား ဆောက်တည်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မထိုင်မီအလျင် သဟိယ္ယသုလ်မတ်စ်ဂျိဒ် ဆွလာသ် နှစ်ရကအသ်ဆောက်တည်ခြင်း မွစ်သဟဗ်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
  • ဤအမိန့်သည် ဗလီတွင်ထိုင်ရန် ရည်ရွယ်သူအတွက်သာဖြစ်ပြီး ဗလီသို့ဝင်လာပြီးနောက် မထိုင်ဘဲပြန်ထွက်သွားသူသည် ဤအမိန့်တွင်မပါဝင်ပေ။
  • လူတို့ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်နေချိန် ဗလီသို့ဝင်လာသူသည် ၎င်းတို့နှင့်အတူ ဆွလာသ်တွင်ပါဝင်လိုက်ပါက သဟိယ္ယသုလ်မတ်စ်ဂျိဒ် ဆွလာသ်ဆောက်တည်ရန် မလိုတော့ပါ။
explain-icon

ထပ်၍