တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်သည်။ အကြောင်းမှာ ဗလီများသည် ကောင်းမှုကုသိုလ်ပြုရာနေရာ၊ သက္ကဝါတရားပေါ် အခြေခံတည် ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။