တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို မိမိထံ ဒုအာဆုတောင်းခံခြင်း၌ စိတ်အားထက်သန်စေရန်အတွက် အရှင်မြတ်သည် ဒုအာဆုမွန်တောင်းခံသူ၏ တောင်းဆုကို လက်ခံတော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ ၎င်းတို့အား မိမိတို့အလိုရှိသည်ကို တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိထံတောင်းခံသူအား ချီးမြှင့်တော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ အရှင်မြတ်ထံ ၎င်းတို့၏အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်များ၏ အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူကြောင်း မိန့်ကြားတော်မူသည်။